Spread the love

ရန်ကုန်၊ ဇန်နဝါရီ (၁၄)

ပြည်သူ့စစ်ခေါင်းစဉ်တပ်ပြီး ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ လက်ပံတန်းမြို့နယ်အတွင်းက စစ်ကောင်စီရဲ့ တပ်သားစုဆောင်းရေးမှာ ပါဝင်သူတွေကို ရပ်တန်းကရပ်ဖို့ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးလိုက်ပါတယ်။

လုပ်ရပ်တွေကို ရပ်တန်းကရပ်ဖို့နဲ့ နောက်ဆုံးအကြိမ်သတိပေးတာဖြစ်ပြီး ဆက်လက်လုပ်ဆောင်ပါက သုတ်သင်ရှင်းလင်းသွားမှာ ဖြစ်တယ်လို့ သူတို့က ပြောပါတယ်။

စစ်ကောင်စီဟာ လူသားဒိုင်းပြုလုပ်ဖို့နဲ့ ပြည်သူအချင်းချင်းတိုက်ခိုက်ဖို့ ရည်ရွယ်ချက်နဲ့ အတင်းအဓမ္မခြိမ်းခြောက် လူစုံနေတာ ဖြစ်ပါတယ်။

မနေ့ကလည်း ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ ကျွန်းကုန်းကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီအဖွဲ့ကို အသင့်စောင့်ကြို တိုက်ခိုက်ခဲ့လို့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်တာဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က (၇) ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ သာယာ၀တီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ ဆီက သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *