Spread the love

ရန်ကုန်၊ ဇန်နဝါရီ (၁၆)

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့၊ အ.ထ.က(၁)ကျောင်းကနေ ဒီပဲယင်းဘက်ကို စစ်ကြောင်းထွက်လာတဲ့ စစ်ကောင်စီအဖွဲ့ကို မနေ့ မနက်က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင်အမှတ်(၁၄)တပ်ရင်း ရေဦး PDF ကပြောပါတယ်။

ဒီပဲယင်းဘက်ကို စစ်ကြောင်းထွက်လာတဲ့ စစ်ကောင်စီအဖွဲ့ကို ငြုပ်တုံရွာအနီးကို အရောက်မှာ မှိုင်းခွဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ရေဦးမြို့၊ တိုင်းရင်းဆေးရုံဝန်းအတွင်းက စစ်ကောင်စီ အထိုင်ချစခန်းကိုလည်း ဇန်နဝါရီ (၁၄) ရက် ညနေက ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ထိခိုက်သူတွေရှိခဲ့တယ်လို့ ရွှေဘိုခရိုင်အမှတ်(၁၄)တပ်ရင်း ရေဦး PDF ကပြောပါတယ်။

ဇန်နဝါရီ (၁၄) နဲ့ (၁၅) ရက် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် PDF တပ်ဖွဲ့တွေဘက်က အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *