Spread the love

ရန်ကုန်၊ ဇန်နဝါရီ (၁၈)

စစ်ကောင်စီနဲ့ တစ်လကျော်ကြာဖြစ်ခဲ့တဲ့ ပဲခူးတိုင်းဒေသကြီးအတွင်းက တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အယောက် (၄၀) သေဆုံးခဲ့သလို PDF တပ်ဖွဲ့ဘက်ကလည်း တစ်ယောက်သေဆုံးခဲ့တယ်လို့ Royal Peacock Column ကပြောပါတယ်။

ပဲခူးတိုင်းအတွင်းက နယ်မြေတချို့ကို PDF တပ်ဖွဲ့တွေဘက်က ထိန်းချုပ်ဖို့ ကြိုးစားခဲ့လို့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလက စတင်ကာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ပထမအပတ်အထိ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့တာပါ။

တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု အကြိမ် (၆၀) ထက်မနည်း အသုံးပြုခဲ့သလို လက်နက်ကြီးတွေနဲ့လည်း အကြိမ် (၁၀၀) ထက်မနည်း တိုက်ခိုက်ခဲ့တယ်လို့ Royal Peacock Column ကပြောပါတယ်။

စစ်ကောင်စီဘက်က အယောက် (၄၀) သေဆုံးခဲ့ကာ အယောက် (၆၀) ကျော် ဒဏ်ရာရခဲ့ပြီး PDF ဘက်က ရဲဘော်တစ်ယောက် သေဆုံးခဲ့ကာ (၅) ယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီ ဆီက သေနတ် ၂ လက်၊ Jammer ၁ ခု၊ မီးစက် ၂ လုံး၊ 5.56 ကျည် ၁၀၀၀၊ အီနာဂါ ၁၅ လုံး၊ ၆၀မမ ၁၀ လုံး၊ ဒရုန်း ၁ စင်းနဲ့ လက်ပစ်ဗုံး ၁ လုံး သိမ်းဆည်းနိုင်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ PDF တပ်ဖွဲ့တွေဘက်က ပဲခူးတိုင်းဒေသကြီးအတွင်းက နယ်မြေတချို့ကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *