Spread the love

ရန်ကုန်၊ ဇန်နဝါရီ (၁၈)

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှာရှိတဲ့ သိုင်းငင်းတပ်စခန်းသိမ်း တိုက်ပွဲမှာ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ Kalay-Kabaw-Gangaw ဘက်က (၄) ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“တိုင်းပြည်အတွက် မြင့်မြတ်စွာ အသက်ပေးလှူ ခဲ့ကြသော ရဲဘော် တို့အား အလေးနီ ပြုရင်း ငြိမ်းချမ်းစွာ အနားယူကြပါ ရဲဘော်တို့ရေ” လို့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ Kalay-Kabaw-Gangaw ဒီနေ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

စစ်ကောင်စီရဲ့ သိုင်းငင်းတပ်စခန်းကို အခုနှစ် ဇန်နဝါရီ (၁၂) ရက်နေ့က စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဇန်နဝါရီ (၁၆) ရက်နေ့မှာ သိုင်းငင်းတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်၊ ဇူလိုင် (၁၁) ရက် သိုင်းငင်းစခန်း တိုက်ခိုက်မှုအတွင်းမှာလည်း ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ Kalay-Kabaw-Gangaw ဘက်က ရဲဘော်တစ်ယောက် သေဆုံးခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *