Spread the love

ရန်ကုန်၊ ဇန်နဝါရီ (၂၅)

စစ်တွင်းကာလ ဆင်းရဲဒုက္ခတွေကို အတူရင်ဆိုင်ခဲ့သလို အခုစစ်ပွဲမရှိတော့တဲ့ အချိန်တွေမှာလည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေနဲ့ ပြည်သူ့အကျပ်အတည်းတွေကို အတတ်နိုင်ဆုံး ဖြေရှင်း ထောက်ပံ့ကူညီပေးသွားမယ်လို့ ရက္ခိုင့်တပ်တော် AA က ကတိပေး ပြောကြားလိုက်ပါတယ်။

“ရက္ခိုင့်တပ်တော်သည် တိုက်ပွဲရှိလျှင် နိုင်အောင်တိုက်မည်။ တိုက်ပွဲမရှိလျှင် ဒေသခံပြည်သူလူထု၏ အရေးအရာများကို အဆင်ပြေချောမွေ့အောင် ဒေသခံပြည်သူလူထုများနှင့်အတူ လက်တွဲပြီး ဆောင်ရွက်သည်။ ထိုအပြင်မိမိတို့ လှုပ်ရှားရာ စစ်ဒေသများ၌ ပြည်သူလူထုများ၏ အားကိုးရာ တပ်တော်ဖြစ်အောင် အကောင်းဆုံး ဆောင်ရွက်လျက်ရှိပါသည်။” လို့ ပြောပါတယ်။

မည်သည့်နေရာ၊ မည်သည့်ဒေသကို ရောက်ရှိပါစေ လူမျိုးမရွေး၊ ဘာသာမရွေး ခွဲခြားစိတ်မရှိဘဲ ပြည်သူတွေနဲ့အတူ ရပ်တည်နေပြီး စာနာစိတ်အပြည့်နဲ့ တတ်နိုင်တာတွေကို တစ်ဖွဲ့ချင်းအနေနဲ့ လုပ်ဆောင်ပေးသွားမှာဖြစ်သလို ညီနောင်မဟာမိတ် (၃) ဖွဲ့အနေနဲ့လည်း အကောင်းဆုံး ပံ့ပိုးကူညီပေးသွားမှာ ဖြစ်တယ်လို့ မနေ့က အသိပေးပြောကြားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *