Spread the love

ရန်ကုန်၊ ဇန်နဝါရီ (၂၅)

မြန်မာနိုင်ငံက လူမှုအဖွဲ့အစည်းအားလုံးအတွက် ပိုမိုလုံခြုံတဲ့ ပညာရေးရရှိနိုင်စေဖို့နဲ့ ကလေးသူငယ်တွေ၊ လူငယ်တွေကို ဆက်လက်ကူညီထောက်ပံ့ပေးသွားမယ်ဆိုတဲ့ ကတိကဝတ်ကို ထိန်းသိမ်းသွားမယ်လို့ ယူကေအစိုးရ မြန်မာသံရုံး ကပြောပါတယ်။

မနေ့က အပြည်ပြည်ဆိုင်ရာပညာရေးနေ့မှာ ယူကေအစိုးရက ထပ်မံကတိပေး ပြောကြားခဲ့တာ ဖြစ်ပါတယ်။

၂၀၂၂ – ၂၀၂၃ ပညာသင်နှစ်အတွင်း ကျောင်းသား၊ကျောင်းသူဦးရေ နှစ်သိန်းနီးပါး၊ ဆရာ၊ ဆရာမ သောင်းသုံးထောင်ကျော် နဲ့ ပညာသင်ကြားရာနေရာ နှစ်ထောင်ကျော်ကို ကူညီပံ့ပိုးပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးတော့ နိုင်ငံအတွင်း လက်နက်ကိုင် ပဋိပက္ခတိုက်ပွဲတွေ ပြင်းထန်လာလို့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ကလေးတွေရဲ့ အသက်ဆုံးရှုံးရသလို စာသင်ကျောင်းဆောင်တွေလည်း ဖျက်ဆီးခံနေရဆဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *