Spread the love

ရန်ကုန်၊ ဇန်နဝါရီ (၂၅)

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ မင်းလှ – စိန်ကန့်လန့်လမ်းမှာ ရှောင်တခင် စစ်ဆေးရေးလုပ်နေချိန် စစ်ကောင်စီဘက်က လာရောက်တိုက်ခိုက်ခဲ့လို့ ထိတွေ့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ပဲခူးခရိုင် တပ်ရင်း ၃၇၀၁၊ တပ်ခွဲ ၅ က ပြောပါတယ်။

PDF တွေရဲ့ စိုးမိုးနယ်မြေအတွင်း ဇန်နဝါရီ (၂၃) ရက် မနက်က ထိတွေ့တိုက်ပွဲ တစ်နာရီကျော်ကြာ ဖြစ်ခဲ့လို့ PDF တပ်ဖွဲ့တွေဘက်က ဒဏ်ရာရရှိသူတွေကို ခေါ်ယူပြီး နောက်ဆုတ်ပေးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်၊ သေဆုံးစာရင်းကိုတော့ သီးခြားအတည်မပြုနိုင်သေးဘူးလို့ ပဲခူးခရိုင် တပ်ရင်း ၃၇၀၁၊ တပ်ခွဲ ၅ က ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *