Spread the love

ရန်ကုန်၊ ဖေဖော်ဝါရီ (၈)

တော်လှန်ရေး စတင်ကတည်းကနေ အခုအချိန် (၃)နှစ်တင်းတင်းပြည့်လာတဲ့ အချိန်အထိ အခက်အခဲ၊ ဒုက္ခတွေကြားမှာ ကြိုးစား ရှင်သန်ရပ်တည် နေကြတာကိုလည်း လေးစားဦးညွတ်ဂုဏ်ပြုပါတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ဒီနေ့မှာ ပြောပါတယ်။

“ကိုယ်တိုင်က နေစရာအိမ်တွေ မရှိကြတော့သလို၊ တချို့ဆိုရင် အကျဉ်းထောင်တွေထဲမှာ၊ တချို့ဆိုရင်လည်း CDM လုပ်ရုံတင်မကဘဲ လက်နက်ကိုင်ပြီး ရှေ့ဆုံးက တိုက်ပွဲဝင်လို့ မြင့်မြတ်စွာနဲ့ အသက်တွေ ပေးလှူသွားကြတဲ့သူတွေ စသဖြင့် အများကြီးရှိကြ ပါတယ်။ ဒီလိုလေးစားစရာကောင်းတဲ့ သူတွေဆီကနေ သူတို့အတွက်အရေးမကြီးဘူး တော်လှန်ရေး ကို အမြန်ဆုံးပြီးအောင်သာ ကြိုးစားပေးပါဆိုတဲ့ ပြောဆိုမှုဟာ ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်တွေအတွက် တော်လှန်ရေးကို အမြန်အောင်အောင်မြင်မြင်နဲ့ ကြိုးစားလုပ်ဆောင်နိုင်ဖို့ အင်မတန်အားရှိစေတဲ့ တွန်းအားတွေပဲ ဖြစ်ပါတယ်။” နိုင်ငံ့ဝန်ထမ်းတွေရဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (၃)နှစ်ပြည့် မိန့်ခွန်းမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှု (၃)နှစ်ပြည့်တဲ့နေ့မှာ တော်လှန်ရေးအဖွဲ့အစည်းတွေအကြား ပိုပြီး ရှင်းလင်းပြတ်သားတဲ့ ဘုံသဘောတူညီချက်တွေ ချမှတ်နိုင်လာနိုင်လို့ အခု ၂၀၂၄ ခုနှစ်မှာတော့ ပိုကောင်းတဲ့ အပြောင်းအလဲတွေ ဖြစ်လာအောင် ဖော်ဆောင်ပေးနိုင်ဖို့လည်း ဆက်လက်ကြိုးစားနေတယ်လို့ သူက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *