Spread the love

ရန်ကုန်၊ ဖေဖော်ဝါရီ (၈)

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဗျူဟာ လက်အောက်ခံ မိုင်းလွန်ပင်မစခန်းကို PDF တပ်ဖွဲ့တွေဟာ ၂၀၂၄ ခုနှစ်၊ဖေဖော်ဝါရီ (၁) ရက်က စတင်ကာ (၃) ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သားတွေက စခန်းကို စွန့်ခွာထွက်ပြေးခဲ့တယ်လို့ သိရပါတယ်။

PDF တွေဘက်က နယ်မြေရှင်းလင်းရေးလုပ်ဆောင်ချိန် စစ်ကောင်စီအလောင်း (၇)လောင်းတွေ့ရှိခဲ့ပြီး လက်နက်ခဲယမ်းတွေ၊ ရိက္ခာတွေလည်း သိမ်းဆည်းရခဲ့တယ်လို့ သိရပါတယ်။

မိုင်းလွန်ပင်မစခန်း တိုက်ပွဲအတွင်း PDF တွေဘက်က ရဲဘော်(၄) ယောက်ဟာ “စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးတိုက်ပွဲတွင် တိုင်းပြည်အတွက် မြင့်မြတ်စွာ အသက်ပေးလှူ ကျဆုံးသွားခဲ့ပါ” တယ်လို့ တပ်ရင်း 805 – Nay Pyi Taw PDF ကပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *