Spread the love

ရန်ကုန်၊ ဖေဖော်ဝါရီ (၉)

ကယားပြည်နယ်၊ ဘောလခဲမြို့နယ်၊ ရွာသစ်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီ ခမရ – ၁၁၂ လက်အောက်ခံ ၁၂ မိုင်ကုန်းစခန်း ကို သိမ်းပိုက်နိုင်ပြီဖြစ်တယ်လို့ ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (KPLA) တပ်မဟာ(၇၈၂၆) ဆီက သိရပါတယ်။

စစ်ကောင်စီလက်အောက်ခံ တစ်ယောက်ကို အရှင်ဖမ်းမိထားပြီးMA 1 အမျိုးအစား သေနတ် (၈) လက်၊ MA2 အမျိုးအစား သေနတ် (၁)လက်၊ MA 3 အမျိုးအစားသေနတ် (၁) လက်၊ MA 11 အမျိုးအစား သေနတ် (၁) လက်၊ ၆၀ မမ စိန်ပြောင်း (၃) လက်၊ ငါးကြင်းမြီး စက်လတ်(၁) လက်၊ ၉ မမ ပစ္စတို (၁) လက်၊ လက်နက်ခဲယမ်းတွေနဲ့ စစ်ရေးဆိုင်ရာ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဒီနေ့မှာ ပြောပါတယ်။

“၁၁၀၇ – စစ်ဆင်ရေး” ရဲ့ ၁၂ မိုင်ကုန်းစခန်း တိုက်ခိုက်မှုအတွင်း တပ်မဟာ(၇၈၂၆)၊ KA၊ KNDF၊ PDF၊ KNPLF Federal Wing ဒရုန်း တပ်ဖွဲ့၊ FFD ဒရုန်းတပ်ဖွဲ့ နဲ့ PDF ဒရုန်းတပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *