Spread the love

ရန်ကုန်၊ ဖေဖော်ဝါရီ (၁၂)

ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ အုတ်ဖိုမြို့နယ်၊ မင်းလှဆည် ရှင်းလင်းဆောင်စခန်း ကို ဝင်ရောက်တိုက်ခိုက်ချိန် ဒဏ်ရာတွေနဲ့ ဒုတပ်ကြပ် ဇင်အောင် ဒီနေ့မနက် (၆) နာရီမှာ ဖမ်းဆီးရမိခဲ့ပြီး (၈) နာရီမှာ သေဆုံးသွားလို့ ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ဆီကသိရပါတယ်။

ဒုတပ်ကြပ် ဇင်အောင် ကို ဖမ်းဆီးရမိချိန် စစ်သုံ့ပန်း ဥပဒေအရ ကောင်းမွန်စွာ စောင့်ရှောက်ပေးခဲ့တယ်လို့ သူတို့ကပြောပါတယ်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ အနေနဲ့ စစ်ကောင်စီ လက်အောက် က ရုန်းထွက်ပြီး CDM ပြုလုပ်ကြဖို့နဲ့ CDM ပြုလုပ်ဖို့ အခက်အခဲရှိပါက တိုက်ပွဲအတွင်းမှာ လက်နက်ချ အလံဖြူထောင်ကြဖို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ဒီနေ့ နေ့လယ်က တိုက်တွန်း ပြောကြားခဲ့ပါတယ်။

မင်းလှဆည် ရှင်းလင်းဆောင်စခန်း နဲ့ တာဝါတိုင်စခန်း ကို မနေ့ မနက်က စတင်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီလက်အောက်ခံ (၁၅) ယောက် သေဆုံးခဲ့ပြီး ဒုတပ်ကြပ်တစ်ယောက်ကို သေနတ်နဲ့အတူ အရှင်ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *