Spread the love

ရန်ကုန်၊ ဖေဖော်ဝါရီ (၁၂)

ညီနောင်မဟာမိတ်နဲ့ ဝန်းရံတိုက်ပွဲဝင်နိုင်တာဟာ မဟာမိတ်သွေးစည်းညီညွတ်မှုကို သက်သေပြတာဖြစ်ပြီး အမျိုးသားနိုင်ငံရေးပန်းတိုင် ခရီးရောက်ဖို့ မလျှော့တဲ့ဇွဲ၊ ပျက်ပျယ်တာမရှိတဲ့ ခံယူချက်၊ ယုံကြည်ချက်တွေနဲ့ မဟာမိတ်အကြား နားလည်မှုရှိရှိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ PSLF/TNLA ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း ကပြောပါတယ်။

ကိုးကန့်တော်လှန်ရေး ခေါင်းဆောင်တွေရဲ့ အိမ်ပြန်ခရီးနဲ့အတူ မိမိတို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အနေနဲ့လည်း မိမိတို့ တအာင်းလူမျိူးများ၏ နိုင်ငံရေးမျှော်မှန်းမှုရလဒ်ကို အပြည်အဝ မဟုတ်သည့်တိုင် အများစုကိုတော့ တအာင်းမိဘပြည်သူရဲ့ အိပ်မက်အား အကောင်အထည်ဖော်ပေးနိုင်ခဲ့ပြီ” ဖြစ်တယ်လို့ သူက ဖေဖော်ဝါရီ (၉) ရက်နေ့ တရုတ်နှစ်သစ်ကူးပွဲတော် မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ကိုးကန့်ဒေသတစ်ခုလုံး စစ်အာဏာရှင် စနစ်အောက်က အလုံးစုံလွတ်မြောက်ဖို့ စစ်ကောင်စီကို ဆက်လက် တိုက်ခိုက်ချေမှုန်းသွားမှာ ဖြစ်တယ်လို့ ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း က ကတိပေး ပြောကြားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *