Spread the love

ရန်ကုန်၊ ဖေဖော်ဝါရီ (၁၃)

ရက္ခိုင်ပြည်နယ်၊ ကျောက်တော်မြို့အတွင်းက စစ်ကောင်စီရဲ့ တပ်မဌာနချုပ်၊ တပ်ရင်းစခန်းတွေ၊ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးတွေကို သိမ်းပိုက်နိုင်ပြီ ဖြစ်တယ်လို့ ရက္ခိုင့်တပ်တော် AA က ဒီနေ့မှာ ဓာတ်ပုံတွေနဲ့အတူ ပြည်သူတွေကို အသိပေးလိုက်ပါတယ်။

ရက္ခိုင့်တပ်တော် ဟာ ရက္ခိုင်ပြည်နယ်နဲ့ ပလက်၀ဒေသအတွင်းက စစ်ကောင်စီရဲ့ ဗျူးဟာစခန်းတွေ၊ တပ်ရင်းဌာနချုပ်၊ တပ်မဌာနချုပ်၊ နယ်ခြားစောင့်တပ်စခန်းတွေ၊ ရဲတပ်ရင်းတွေနဲ့ ရဲစခန်းတွေကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ (၁၃) ရက်နေ့ကစတင်ကာ တိုက်ခိုက်သိမ်းပိုက်နေတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *