Spread the love

ရန်ကုန်၊ ဖေဖော်ဝါရီ (၁၄)

မကွေးတိုင်းဒေသကြီး၊ မြိုင်​မြို့နယ်၊ သရက်ကန်ပျုရွာမှာ ကင်းပတ်နေတဲ့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်တွေကို မနေ့က တိုက်ခိုက်ခဲ့လို့ ပျူစောထီး နှစ်ယောက်နေရာမှာ သေဆုံးခဲ့ပြီး (၅) ယောက်ကို အရှင်ဖမ်းမိထားတယ်လို့ တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ Young Force – UG ကပြောပါတယ်။

နေရာမှာ သေဆုံးသွားတဲ့ ပျူစောထီး နှစ်ယောက်ရဲ့ အလောင်းကို လာရောက်ကောက်သူတွေကို ထပ်မံ တိုက်ခိုက်ခဲ့လို့ ပျူစောထီး (၅) ယောက် ထပ်မံသေဆုံးသွားခဲ့ပါတယ်။

တိုက်ခိုက်မှုကို Badassess Burma Force၊ TYK ပျောက်ကြားတပ်ဖွဲ့၊ မုန်တိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ပခုက္ကူခရိုင် တပ်ရင်း ၂၊ Pakokku People’s Defence Force ၊ Earthquake People’s Defence Force၊ မြိုင်ပကဖ တပ်ရင်း(၁) ခွဲ(၄)စကြာ်တပ်ဖွဲ့နဲ့ Young Force က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *