Spread the love

ရန်ကုန်၊ ဖေဖော်ဝါရီ (၂၃)

လာမယ့် ၂၀၂၅ မှာ လူထုဆန္ဒအခြေခံတဲ့ လူထုအုပ်ချုပ်ရေး ပေါက်ပေါက်လာဖို့ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ PSLF/TNLA ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး ကပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးအတွင်းမှာ ထိန်းသိမ်းနိုင်ခဲ့တဲ့ မြို့ (၇) မြို့နဲ့ TNLA တပ်အခြေစိုက်တဲ့ နယ်မြေဒေသတွေကို လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေး စတဲ့ကိစ္စရပ်တွေမှာ ပိုမိုတိုးတက်ကောင်းမွန်အောင် ဦးဆောင်စီမံအုပ်ချုပ်သွားမှာ ဖြစ်တယ်လို့ မနေ့ညက ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

တခြားအဖွဲ့အစည်းတွေက တအောင်းဒေသအတွင်း အတင်းအဓမ္မ စစ်သားစုဆောင်းတာ၊ အခွန်ကောက်ခံတာ၊ လူထုစီမံအုပ်ချုပ်ရေး လုပ်ငန်းတွေမှာ ဝင်ရောက်နှောင့်ယှက်တာတွေ မပြုအောင် တအောင်းဒေသက လူမျိုးစုံမိဘပြည်သူတွေနဲ့အတူ လက်တွဲကာကွယ်ပြီး ပြည်သူလူထုရဲ့ နိုင်ငံရေး ရည်မှန်းချက်ပန်းတိုင် အမြန်ဆုံးအောင်မြင်ရောက်ရှိစေဖို့ ဦးဆောင်သွားမှာ ဖြစ်တယ်လို့ ကတိပေးပြောကြားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *