Spread the love

ရန်ကုန်၊ ဖေဖော်ဝါရီ (၂၃)

စစ်ရေးရည်မှန်းချက်တွေကို အကောင်အထည်ဖော်ရင်း စစ်ဆင်ရေးကို တစ်ဆင့်ချင်း တစ်ဆင့်ချင်း စစ်ကောင်စီရဲ့ တုံ့ပြန်မှုနဲ့ ခုခံမှုပေါ်မူတည်ပြီး မြှင့်တင်သွားမှာ ဖြစ်တယ်လို့ ရက္ခိုင့်တပ်တော် AA ကပြောပါတယ်။

သတ်မှတ်ထားတဲ့ စစ်ဆင်ရေးပစ်မှတ်တွေကို တစ်ခုပြီး တစ်ခု ဆက်လက်ချေမှုန်း ထိုးစစ်ဆင်သွားမှာဖြစ်သလို လက်နက်မချသေးတဲ့ စစ်ကောင်စီရဲ့ ကျန်ရှိနေသေးတဲ့ စစ်စခန်းတွေကို ဆက်လက် သိမ်းပိုက်နိုင်ဖို့အတွက် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်နေတယ်လို့ သူတို့က မနေ့က ပြောကြားလိုက်ပါတယ်။

စစ်ဆင်ရေးကာလ (၃) လအတွင်း ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်၊ ပလက်၀ဒေသက စစ်ကောင်စီရဲ့ ဗျူဟာ၊ ဌာနချုပ်၊ တပ်ရင်းစခန်း၊ တပ်မဌာနချုပ်၊ ရဲတပ်ရင်းတွေကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ (၁၃) ရက်နေ့က စတင်ကာ ဒီနေ့အထိ
ထိုးစစ်ဆင် တိုက်ခိုက်တာကို တစ်ရက်မျှ ရပ်တန့်ခြင်း မရှိဘဲ တိုက်ခိုက်နေတာ ဖြစ်တယ်လို့ သူတို့က ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *