Spread the love

ရန်ကုန်၊ ဖေဖော်ဝါရီ (၂၄)

ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်၊ လွယ်ဝိုးတုတ်ကျေးရွာအနီးက စစ်ကောင်စီရဲ့တပ်စခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က ဒီနေ့မှာ ပြောပါတယ်။

မနေ့က နယ်မြေရှင်းလင်းရေးလုပ်ချိန် စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေ ပူးပေါင်းတပ်စွဲထားတဲ့ လွယ်ဝိုးတုတ်ကျေးရွာအနီးက စခန်းကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီနဲ့ PNLA မနေ့က တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီလက်အောက်ခံတွေဆီက RPG ၁ လက်၊ ပစ္စတို ၁ လက် နဲ့ ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ဆီဆိုင်မြို့ကို စစ်ကောင်စီဟာ မနေ့က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသကိုလည်း လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *