ရန်ကုန်၊ ဖေဖော်ဝါရီ (၂၅)
ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်၊ လွယ်ဝိုးတုတ်ကျေးရွာကို စစ်ကောင်စီက တိုက်ပွဲမဖြစ်ဘဲ လေယာဉ်နဲ့ ဗုံးကြဲခဲ့လို့ နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ရတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က ဒီနေ့မှာ ပြောပါတယ်။
စစ်ကောင်စီဟာ မနေ့က ဟိုပုံးမြို့နယ်၊ လွယ်ဝိုးတုတ်ကျေးရွာကို လေယာဉ်နဲ့ ဗုံးကြဲခဲ့လို့ နေအိမ် (၈) လုံး မီးလောင်ပျက်စီးခဲ့ရတာ ဖြစ်ပါတယ်။
ဟိုပုံးမြို့နယ်၊ လွယ်ဝိုးတုတ်ကျေးရွာအနီးက စစ်ကောင်စီရဲ့တပ်စခန်းတစ်ခုကို ဖေဖော်ဝါရီ (၂၃) တိုက်ခိုက်သိမ်းပိုက်ခဲ့လို့ အခုလို တိုက်ပွဲနဲ့ မသက်ဆိုင်တဲ့ ကျေးရွာတွေကို လေယာဉ်နဲ့ ဗုံးကြဲနေတာ ဖြစ်တယ်လို့ PNLA က ပြောပါတယ်။