Spread the love

ရန်ကုန်၊ ဖေဖော်ဝါရီ (၂၇)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ ကျောက်တန်းကျေးရွာအနီး သစ်ဖုလဘုရားကုန်းမှာ (၂) နှစ်ကျော်ကြာ တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့ကို တိုက်ခိုက်နိုင်ခဲ့တယ်လို့ ကောလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကပြောပါတယ်။

စစ်ကောင်စီအဖွဲ့ကို ဖေဖော်၀ါရီ (၂၃) ရက်နေ့က စတင်ကာ (၂၆) ရက်နေ့အထိ (၃) ရက်ကြာ တိုက်ခိုက်ခဲ့ပြီးတော့ သစ်ဖုလဘုရားကုန်းကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ကျောက်တန်းရွာကို စစ်ကောင်စီဟာ မနေ့က လက်နက်ကြီးချ တိုက်ခိုက်ခဲ့လို့ လူနေအိမ် (၄) လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *