Spread the love

ရန်ကုန်၊ ဖေဖော်ဝါရီ (၂၇)

ရခိုင်ပြည်နယ်၊ မင်းပြားမြို့၊ ကမ်းနီရွာအနီးက စစ်ကောင်စီရဲ့ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်း ကို သိမ်းပိုက်နိုင်ပြီဖြစ်တယ်လို့ ရက္ခိုင့်တပ်တော် AA ကပြောပါတယ်။

စစ်ကောင်စီက လေယာဉ်တွေ၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ပေမယ့် သူတို့ရဲ့ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်း ကို မနေ့က ထိန်းချုပ်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ ဌာနချုပ် လက်အောက်ခံ အမ်းမြို့အခြေစိုက် ခမရ (၃၇၃) တပ်ရင်းကိုလည်း ဖေဖော်ဝါရီလ (၂၄) ရက်ကနေ (၂၆) ရက်နေ့အထိ (၃) ရက်အတွင်း စစ်ကောင်စီလက်အောက်ခံ (၈၀) ကျော်ကို ရှင်းလင်းနိုင်ခဲ့တယ်လို့ သူတို့ကပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *