ရန်ကုန်၊ မတ် (၂၃) စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးမှု ပျက်ပြားတာ၊ ကာစီနိုလုပ်ငန်းတွေ ပိုမိုများပြားလာတာ၊ အွန်လိုင်းလိမ်လည်လှည့်ဖြားမှုတွေနဲ့ မူးယစ်ရောင်းဝယ်ဖောက်ကားမှုတွေ အပါအဝင် နိုင်ငံဖြတ်ကျော် ရာဇဝတ်လုပ်ငန်းတွေ ပိုမိုပြန့်ပွားလာပြီး ပိုမိုဆိုးရွားလာခဲ့တယ်လို့ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကပြောပါတယ်။
read moreစစ်ကောင်စီက တိုက်ပွဲမဖြစ်တဲ့ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နန်းတုတ်ကျေးရွာကို မနေ့ ညက လေယာဉ်နဲ့ ဗုံးကြဲခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA ဆီက သိရပါတယ်။
read moreကယား၊ မတ် (၂၃) ကယားပြည်နယ် (ကရင်နီ)၊ လွိုင်ကော်မြို့နယ်က စခန်း (၁၂) ခု၊ဒီးမော့ဆိုမြို့နယ်က စခန်း(၁၃) ခု၊ ဖားဆောင်မြို့နယ်က စခန်း (၉) ခု၊ ဘောလခဲမြို့နယ်က စခန်း(၅) ခု၊ ရှားတောမြို့နယ်က စခန်း (၇) ခု၊ ဖယ်ခုံမြို့နယ်က (၁၇)ခု နဲ့ မယ်စဲ့မြို့နယ်က (၁) ခု၊ ဖရူဆိုမြို့နယ်က (၁) ခု စုစုပေါင်း စစ်ကောင်စီရဲ့ တပ်စခန်း (၆၅) ခုကို သိမ်းပိုက်ထားနိုင်ပြီ ဖြစ်ယ်လို့ ကရင်နီတိုင်းရင်းသားများ ကာကွယ်ရေးတပ်ဖွဲ့ KNDF က ဒီနေ့မှာ ပြောပါတယ်။
read moreစစ်ကောင်စီဟာ ရခိုင်ဒေသအတွင်းက စစ်ပွဲတိုင်းမှာ ရှုံးနိမ့်နေလို့ တစ်ရက်ထက်တစ်ရက် တိုက်ခိုက်မှုတွေကို မိုက်ရူးရဲဆန်စွာ ပိုမိုပြုလုပ်လာတာကို တွေ့ရတယ်လို့ ရက္ခိုင့်တပ်တော် AA ကပြောပါတယ်။
read moreရန်ကုန်၊ မတ် (၁၉) မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ရွှေတန့်တစ် ဘုရားလမ်းဆုံအနီးကို ဖြတ်သွားချိန် စစ်ကောင်စီတွေ ပါလာတဲ့ ကားနှစ်စီးကို မနေ့ နေ့လယ်က မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ ပခုက္ကူ – အထူးတပ်ဖွဲ့ ကပြောပါတယ်။
read moreရခိုင်ပြည်နယ်ရဲ့ ငြိမ်းချမ်းသာယာမှုမရှိခဲ့တဲ့ အတိတ်ကာလဆီကို လှမ်းကြည့်မိတိုင်း ဝမ်းနည်းစရာအဖြစ် အပျက်တွေနဲ့ကြုံနေတဲ့ အခြေအနေတစ်ခုကို ကြုံခဲ့ရဖူးပါတယ်။ လူအုပ်စု တစ်စုနဲ့ အုပ်စုတစုကြားမှာ ရန်ညှိုးတွေဖွဲ့ပြီး အတူယှဉ်တွဲနေထိုင်ဖို့ ခက်ခဲခဲ့တဲ့ ကာလတွေ ရှိခဲ့ပါတယ်။
read moreရှမ်းပြည်၊ မတ် (၁၄) ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်း ပျောက်ကြားဘောင်းဘီ ဝတ်ဆင်ထားသူတွေဆီက မူးယစ်ဆေးဝါးတွေဖမ်းဆီးရမိခဲ့တယ်လို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ကပြောပါတယ်။
read moreရခိုင်၊ မတ် (၁၃) ရခိုင်ပြည်နယ်၊ မောင်တောမြို့က စစ်ကောင်စီရဲ့ အောင်သပြေ နယ်ခြားစောင့်တပ်စခန်း ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီလို့ ရက္ခိုင့်တပ်တော် AA က အသိပေး ပြောကြားပါတယ်။
read moreရန်ကုန်၊ မတ် (၈) နွေဦးတော်လှန်ရေး ကာလအတွင်း အမျိုးသမီးတွေရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို လေးစား အသိအမှတ်ပြု အလေးအနက်ထားပြီး ဝိုင်းဝန်းချီတက်ကြရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလ က ဒီနေ့မှာ ပြောပါတယ်။
read moreရခိုင်၊မတ်(၈) ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုမှာ စစ်ကောင်စီက မွတ်ဆလင်လူငယ်တွေကို စစ်သင်တန်းပေးနေတဲ့ ရုပ်သံလူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။
read moreAbout C8 News
၂၀၂၀ ခုနှစ်မှာ သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြု လိုင်စင်ရရှိထားသည့် သတင်းဌာန ဖြစ်ပါသည်။၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ (၂၅) ရက်နေ့မှာ စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများ သိသင့်သိထိုက်သည့် သတင်းများကို တိကျမှန်ကန်စွာ ဖော်ထုတ်၊ ရေးသား၊ တင်ဆက်နေသည့် သတင်းဌာန ဖြစ်ပါသည်။
Please Subscribe Our YouTube Channel
ဆက်သွယ်ရန်
ph: +66 95 352 9680
email: c8ightnews@gmail.com
Recent Posts
- မြန်မာနိုင်ငံက ပြည်သူအများစုမှာ စိတ်ဒဏ်ရာတွေရရှိတွေ ရှိနေပြီလို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ပြ
- စစ်ကောင်စီ စစ်ကြောင်းကို ဝင်တိုက်၊ စစ်ကောင်စီဘက်က (၆) ယောက် နေရာမှာသေဆုံး
- စစ်ဘေးနဲ့ ကပ်ဘေးကြောင့် မြန်မာပြည်သူတွေရဲ့ အရေးပေါ်လိုအပ်ချက်တွေ တိုးလာတယ်လို့ အမေရိကန်မြန်မာသံရုံး ထုတ်ပြော
- ဒီနေ့မှာ PDF မန္တလေးက ပြည်သူတွေနဲ့ လိုက်လံတွေ့ဆုံခဲ့တဲ့ မြင်ကွင်း
- လက်ရှိအချိန်မှာ နိုင်ငံ့စီးပွားရေး ပြန်လည်ဦးမော့လာပြီလို့ စစ်ခေါင်းဆောင် ပြောပြန်