Spread the love

ရခိုင်၊ မတ် (၁)

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ကို အလုံးစုံသိမ်းပိုက်ဖို့ လက်တစ်ကမ်းအလို ရောက်ရှိနေပြီလို့ ရက္ခိုင့်တပ်တော် ကပြောပါတယ်။

“စစ်ကောင်စီဘက်မှလည်း ၎င်းစခန်းမကျဆုံးစေရန်အတွက် လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူ အမြောက်အမြားဖြင့် အသည်းအသန်ခုခံကာကွယ်နေသော်လည်း မိမိတို့မှ သတ္တိပြောင်မြောက်စွာဖြင့် ပုဏ္ဏားကျွန်းမြို့၌ တစ်ခုတည်း ကျန်ရှိနေသေးသော ခမရ (၅၅၀) အား အလုံးစုံသိမ်းပိုက်ရန် လက်တစ်ကမ်းအလိုသို ရောက်ရှိနေပြီဖြစ်သည်။” လို့ မနေ့ညက ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။

ပုဏ္ဏားကျွန်းမြို့က ခမရ (၅၅၀) တပ်ရင်းတစ်ခုလုံးကို သိမ်းပိုက်နိုင်ဖို့အတွက် မနေ့ထဲက အရှိန်အဟုန်နဲ့ ထိုးစစ်ဆင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ မနေ့ မနက်က စစ်တွေမြို့၊ ကိုရီးယားဆိပ်ကမ်းအတွင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ အပြစ်မဲ့ပြည်သူ (၁၂) ယောက် သေဆုံးခဲ့ပြီး ဒဏ်ရာရသူ (၈၁) ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *