Spread the love

ရခိုင်၊မတ်(၈)

ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုမှာ စစ်ကောင်စီက မွတ်ဆလင်လူငယ်တွေကို စစ်သင်တန်းပေးနေတဲ့ ရုပ်သံလူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။

အဲ့ဒီရုပ်သံမှာ ရခိုင်ပြည်နယ်၊ လုံခြုံရေးနှင့်နယ်စပ်ရေရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သီဟ ကိုယ်တိုင်လာရောက်ကြည့်ရှု့နေတာကို တွေ့မြင်ရပြီး ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်က ကျောက်တစ်လုံး မွတ်ဆလင်ဒုက္ခသည်စခန်းမှာရှိတဲ့ မွတ်ဆင်အမျိုးသားတွေကို စစ်ကောင်စီက စစ်သင်တန်းပေးနေတဲ့ သတင်းတွေလည်း လွန်ခဲ့တဲ့ရက်ပိုင်းက ထွက်ပေါ်ခဲ့ပါသေးတယ်။

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် ရက္ခိုင့်တပ်တော် ထိန်းချုပ်ရာဒေသတွေကို လာရောက်ခိုလှုံသူတွေရဲ့ စိတ်ဆန္ဒမပါဘဲ ရက္ခိုင့်တပ်တော်မှာ စစ်မှုထမ်းခိုင်းမှာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *