Spread the love

ရခိုင်၊ မတ် (၁၃)

ရခိုင်ပြည်နယ်၊ မောင်တောမြို့က စစ်ကောင်စီရဲ့ အောင်သပြေ နယ်ခြားစောင့်တပ်စခန်း ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီလို့ ရက္ခိုင့်တပ်တော် AA က အသိပေး ပြောကြားပါတယ်။

မနေ့ညက အောင်သပြေ နယ်ခြားစောင့်တပ်စခန်း ကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီရဲ့အလောင်းတချို့ကို တွေ့ရှိခဲ့သလို လက်နက်ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

အောင်သပြေ နယ်ခြားစောင့်တပ်စခန်း က ထွက်ပြေးသွားတဲ့ စစ်ကောင်စီလက်အောက်ခံ စုစုပေါင်း (၁၇၉) ယောက်အထိ ရှိခဲ့တယ်လို့ မနေ့ညက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မောင်တောမြို့မြောက်ပိုင်းက လက်နက်ချ အညံ့မခံသေးတဲ့ စစ်ကောင်စီရဲ့ လက်ကျန် နယ်ခြားစောင့်တပ်စခန်းတချို့ကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ AA ကပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *