Spread the love

စစ်ကောင်စီဟာ ရခိုင်ဒေသအတွင်းက စစ်ပွဲတိုင်းမှာ ရှုံးနိမ့်နေလို့ တစ်ရက်ထက်တစ်ရက် တိုက်ခိုက်မှုတွေကို မိုက်ရူးရဲဆန်စွာ ပိုမိုပြုလုပ်လာတာကို တွေ့ရတယ်လို့ ရက္ခိုင့်တပ်တော် AA ကပြောပါတယ်။

မင်းပြားမြို့နယ်၊ သာဒါကျေးရွာကို မတ်လ (၁၈) ရက် နေ့လယ်က အကြောင်းမဲ့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အပြစ်မဲ့ ပြည်သူ (၂၁) ယောက် ဗုံးထိမှန်ကာ နေရာမှာပဲ သေဆုံးခဲ့ပြီး အယောက် (၃၀) ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး သူတို့တွေထဲက တစ်ယောက်ဟာ မနေ့က ထပ်မံသေဆုံးသွားခဲ့တယ်လို့ တယ်လို့ သိရပါတယ်။

ရခိုင်ဒေသက အပြစ်မဲ့ ပြည်သူလူထုတွေရဲ့ နေအိမ်တွေ၊ စစ်ဘေးရှောင်နေရာတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံဆေးခန်းတွေ၊ သမိုင်းဝင်ရှေးဟောင်းအမွေအနှစ်တွေ၊ သာသနိကအဆောက်အအုံတွေ၊ မြို့ရွာတွေက ဈေးတွေနဲ့ လမ်းတံတားတွေကို နေ့စဉ်နီးပါး စစ်ကောင်စီဟာ လက်နက်ကြီး၊ လက်နက်ငယ်တွေ၊ လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်နေ့တာ ဖြစ်တယ်လို့ AA ရဲ့ မနေ့ညက ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *