Spread the love

ကယား၊ မတ် (၂၃)

ကယားပြည်နယ် (ကရင်နီ)၊ လွိုင်ကော်မြို့နယ်က စခန်း (၁၂) ခု၊ဒီးမော့ဆိုမြို့နယ်က စခန်း(၁၃) ခု၊ ဖားဆောင်မြို့နယ်က စခန်း (၉) ခု၊ ဘောလခဲမြို့နယ်က စခန်း(၅) ခု၊ ရှားတောမြို့နယ်က စခန်း (၇) ခု၊ ဖယ်ခုံမြို့နယ်က (၁၇)ခု နဲ့ မယ်စဲ့မြို့နယ်က (၁) ခု၊ ဖရူဆိုမြို့နယ်က (၁) ခု စုစုပေါင်း စစ်ကောင်စီရဲ့ တပ်စခန်း (၆၅) ခုကို သိမ်းပိုက်ထားနိုင်ပြီ ဖြစ်ယ်လို့ ကရင်နီတိုင်းရင်းသားများ ကာကွယ်ရေးတပ်ဖွဲ့ KNDF က ဒီနေ့မှာ ပြောပါတယ်။

(၁၁၁၁) စစ်ဆင်ရေး စတင်ပြီးနောက် ကယားပြည်နယ် (ကရင်နီ) က မယ်စဲ့၊ ဒီးမော့ဆို၊ ရွာသစ်၊ ရှားတော၊ မော်ချီး၊ မိုးဗြဲ စုစုပေါင်း မြို့(၆)မြို့ ကို ထိန်းချုပ်နိုင်ပြီဖြစ်လို့ အဲ့ဒီမြို့နယ်တွေထဲက စစ်ကောင်စီရဲ့ တပ်စခန်း (၁၆) ခုဟာ စွန့်ခွာ တပ်ဆုတ်သွားတယ်လို့ သိရပါတယ်။

ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတွေက (၁၁၁၁) စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှာ စတင်ခဲ့တာ ဖြစ်ပါတယ်။

“တော်လှန်ရေးအတွင်း အသက်ပေးသွားသော တော်လှန်ရေးရဲဘော်များ၊ ရဟန်းရှင်လူများ နှင့် ပျက်စီးသွားသော ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်များ အပေါ် တိုင်တည်ပြီး အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ တော်လှန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အဓိဌာန်ပြု” ပါတယ်လို့ ဒီနေ့ မနက် ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *