Spread the love

ရန်ကုန်၊ မတ် (၂၃)

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးမှု ပျက်ပြားတာ၊ ကာစီနိုလုပ်ငန်းတွေ ပိုမိုများပြားလာတာ၊ အွန်လိုင်းလိမ်လည်လှည့်ဖြားမှုတွေနဲ့ မူးယစ်ရောင်းဝယ်ဖောက်ကားမှုတွေ အပါအဝင် နိုင်ငံဖြတ်ကျော် ရာဇဝတ်လုပ်ငန်းတွေ ပိုမိုပြန့်ပွားလာပြီး ပိုမိုဆိုးရွားလာခဲ့တယ်လို့ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကပြောပါတယ်။

“တစ်ချိန်တည်းမှာပင် နိုင်ငံတကာရာဇဝတ်ဂိုဏ်းများ၊ မြန်မာနိုင်ငံရှိ စစ်အာဏာရှင် များနှင့် ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်နေသော လက်အောက်ခံအဖွဲ့များက အဓိက လုပ်ဆောင်နေသော နိုင်ငံဖြတ်ကျော်ငွေကြေးခဝါချမှုအပါအဝင် တရားမဝင်ငွေကြေး စီးဆင်းမှုများကို နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် တားဆီးပေးရန် အထူးလိုအပ်” တယ်လို့ သူက မတ်လ (၁၉) ရက်ကနေ (၂၂) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့တဲ့ နိုင်ငံတကာအခွန်ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် တရားမဝင် စစ်တပ်အာဏာသိမ်းယူမှုဖြစ်ပြီး နောက်ပိုင်း တရားမဝင်ငွေကြေး စီးဆင်းတာတွေရှိနေပြီး အဲ့ဒီတုန့်ပြန်နိုင်မှုတွေကို နိုင်ငံတကာ အခွန်ပူးပေါင်းဆောင်ရွက်ရေး အခန်းကဏ္ဍကိုလည်း ထောက်ပြလိုတယ်လို့ သူကပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *