Spread the love

စစ်ကောင်စီက တိုက်ပွဲမဖြစ်တဲ့ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နန်းတုတ်ကျေးရွာကို မနေ့ ညက လေယာဉ်နဲ့ ဗုံးကြဲခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA ဆီက သိရပါတယ်။

မနေ့ ညက နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရလို့ နန်းတုတ်ကျေးရွာက ဆေးခန်းတစ်လုံးနဲ့ နေအိမ် (၅) လုံး ထိခိုက်ပျကစီးခဲ့တယ်လို့ ဒီနေ့မှာ ပြောပါတယ်။

စစ်ကောင်စီဟာ မတ်လ (၂၀) ရက်နေ့ကလည်း ဆီဆိုင်မြို့ကို ဗုံးကြဲ တိုက်ခိုက်ခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *