ရန်ကုန်၊ ဇူလိုင် (၅)
စစ်ကောင်စီ ဒုံးတပ်ရင်း (၆၀၆) တပ်စခန်း ကို တအာင်းတပ်မတော် TNLA တပ်ဖွဲ့ဝင်တွေဟာ မနေ့က သွားရောက်တိုက်ခိုက်ခဲ့ချိန် စစ်ကောင်စီက အဆိပ်ငွေ့ဗုံးသုံးပြီး ပြန်လည်တိုက်ခိုက်ခဲ့လို့ TNLA တပ်ဖွဲ့ဝင် (၈) ယောက် အဆိပ်ငွေ့သင့်ခဲ့တယ်လို့ သိရပါတယ်။
အဆိပ်ငွေ့သင့်ခဲ့တဲ့ တအာင်းတပ်မတော် TNLA တပ်ဖွဲ့ဝင် (၈) ယောက်က အသက်ရှုမြန်ခြင်း၊ စိတ်လှုပ်ရှားမှုမြန်ခြင်း၊ မောပန်းခြင်း၊ အောက်စီဂျင်ကျခြင်း နဲ့ မအီမသာဖြစ်ခြင်း စတဲ့ဝေဒနာတွေကို ခံစားနေရပြီး လက်ရှိအချိန်မှာ ဆေးကုသမှု ခံယူနေကြရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ (၁) ရက်နေ့ကလည်း စစ်ကောင်စီ ဒုံးတပ်ရင်း (၆၀၆) တပ်စခန်းက တအာင်းတပ်မတော် TNLA ကို အဆိပ်ငွေ့ဗုံး သုံးပြီး တိုက်ခိုက်ခဲ့တာမျိုး ဖြစ်ခဲ့ပါသေးတယ်။