Spread the love

ချင်း၊ ဇူလိုင် (၆)

ချင်းပြည်နယ်၊ မတူပီမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီရဲ့ မတူပီအခြေစိုက်ဗျူဟာကုန်းနဲ့ ခမရ(၃၀၄)၊ ခလရ(၁၄၀) တွေကို သိမ်းပိုင်နိုင်ခဲ့သလို ဟောင်ဝပ်ဇာ အမြောက်အပါအဝင် လက်နက်အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း ဟောင်ဝပ်ဇာအမြောက် အပါအဝင် 14.5 ZPU လေယာဉ်ပစ်စက်သေနတ်ကြီးနှစ်လက်၊ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ခဲယမ်းမီးကျောက် အများအပြား သိမ်းဆည်းနိုင်ခဲ့တာပါ။

ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အဖြစ် ဖော်ဆောင်နေတဲ့ မတူပီမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီရဲ့ ချင်းပြည်နယ်၊ မတူပီအခြေစိုက် ခမရ (၃၀၄) တပ်ရင်းကို ၂၀၂၄ ခုနှစ်၊ ဇွန် (၁၇) ရက်နေ့က အပြီးသတ် တိုက်ခိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ခလရ (၁၄၀) နဲ့ မတူပီအခြေစိုက်ဗျူဟာကုန်းနဲ့ ကာကင်းတချို့ကို ဆက်လက် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဇွန် (၂၉) ရက်နေ့မှာတော့ မတူပီမြို့သိမ်းတိုက်ပွဲက အပြီးသတ်သွားတာပါ။

လက်ရှိအချိန်မှာတော့ ချင်းပြည်နယ်၊ မတူပီမြို့နယ်တစ်ခုလုံးက စစ်ကောင်စီကင်းစင်နယ်မြေ ဖြစ်သွားပြီလို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *