Spread the love

ရှမ်း၊ဇူလိုင်(၆)

ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်းမှာ ရှမ်းပြည်တပ်မတော် (SSPP/SSA) နဲ့ တအောင်းတပ်မတော် PSLF/TNLA တို့ တိုက်ပွဲသုံးကြိမ်ဖြစ်ခဲ့ပြီး TNLA ဘက်က သီပေါမြို့နယ်မှူး ဗိုလ်ကြီး နေအုပ်(ခေါ်) ဂူ;ပ္လါင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီပစ်ခတ်မှုအတွက် ရှမ်းပြည်တပ်မတော် (SSPP/SSA) နဲ့ တအောင်းတပ် PSLF/TNLA တို့ အပြန်အလှန် စွပ်စွဲပြောဆိုခဲ့ကြပြီး TNLA သတင်းပြန်ကြားရေးဌာနက ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေကို သယ်ယူပို့ဆောင်ချိန် PSLF/TNLA သီပေါမြို့နယ်မှူး ပစ်သတ်ခံရပြီး နှစ်ဖက်တပ်ဖွဲ့ကြား အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တာလို့ ဖော်ပြထားပါတယ်။

TNLA က တမင်သက်သက် တိုက်ပွဲဖန်တီးသလို ဖြစ်နေတာ၊ သူတို့ဘက်ကပဲ စပြီးပစ်တာလေ၊ အဲ့ဒါကြောင့် နှစ်ဖက်ထိတွေ့ ပစ်ခတ်မှု ဖြစ်သွားတာပါလို့ ရှမ်းပြည်တပ်မတော်(SSPP/SSA) ကထုတ်ပြန်ထားပါတယ်။

အောက်ခြေတပ်ဖွဲ့တွေကြား နားလည်မှုလွဲမှားပြီး အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ခဲ့ပေမယ့် လက်ရှိအချိန်မှာ နှစ်ဖက်ခေါင်းဆောင်တွေ ညှိနှိုင်းဆွေးနွေးခဲ့ပြီး တိုက်ပွဲထပ်မရှိတော့ဘူးလို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *