Spread the love

မန္တလေး၊ ဇူလိုင် (၈)

စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA တွေ မနေ့ကအထိ ဖြစ်ခဲ့တဲ့ တိုက်ပွဲ (၁၃) ရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် စုစုပေါင်း အရပ်သား (၄၉) ယောက် သေဆုံးခဲ့ပြီး (၆၇) ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ မိုးမိတ်မြို့နယ်၊ လယ်ကြီးကျေးရွာကို မနေ့ နေ့လယ်က စစ်ကောင်စီပစ်လိုက်တဲ့ လက်နက်ကြီးထိ ပေါက်ကွဲခဲ့လို့ အသက် (၆၁) နှစ်အရွယ် ဦးထွန်းလက်၊ အသက် (၂၆) နှစ်အရွယ် အောင်ကျော်မြင့် နဲ့ အသက် (၅၇) နှစ်အရွယ် ဒေါ်စောခင် တို့ (၃) ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင် (၆) ရက်နေ့ကလည်း လားရှိုးမြို့၊ (၅) ရပ်ကွက်ကို လက်နက်ကြီးကျရောက်ခဲ့လို့ အမျိုးသားတစ်ယောက် သေဆုံးခဲ့ပြီး (၃) ယောက် ထိခိုက်ဒဏ်ရာရခဲ့သလို ဇူလိုင် (၅) ရက်နေ့ကလည်း နမ့်နွန်းရွာကို လက်နက်ကြီးထိမှန် ပေါက်ကွဲခဲ့လို့ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက် နေရာမှာပဲ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *