Spread the love

ရှမ်း၊ ဇူလိုင် (၁၁)

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ကို အပြည့်အဝ ထိန်းချုပ်နိုင်ပြီဖြစ်လို့ စစ်ကောင်စီလုံးဝကင်းစင်တဲ့ မြို့နယ်တစ်ခု ဖြစ်လာပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) စစ်ဦးစီးအဖွဲ့ က ဒီနေ့မှာ ပြောပါတယ်။

နောင်ချိုမြို့က ခမရ(၁၁၄) ၊ ခမရ(၁၁၅) နဲ့ အမတ(၆၀၆) တပ်စခန်းတွေကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သုံ့ပန်းတွေကိုလည်း ထိန်းသိမ်းထားသလို အဲ့စခန်းတွေဆီက လက်နက်ခဲယမ်း အများအပြားလည်း သိမ်းဆည်းရမိထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီ လက်ကျန်တပ်စခန်းတွေအနေနဲ့ အမြန်ဆုံး လက်နက်ချ အလင်းဝင်ဖို့ တိုက်တွန်းပြီး လက်နက်မချသူတွေကို ပြင်းပြင်းထန်ထန် ဆက်လက်ထိုးစစ်ဆင် ချေမှုန်းသွားမှာဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) စစ်ဦးစီးအဖွဲ့ ကပြောပါတယ်။

လက်နက်ချအလင်းဝင်သူတွေကို ကောင်းမွန်စွာ ရှင်သန်နေထိုင်ခွင့်ပေးမယ်လို့ သူတို့က ဒီနေ့ ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။

နောင်ချိုမြို့နယ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နဲ့ မဟာမိတ်တပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *