Spread the love

ရခိုင်၊ ဇူလိုင် (၁၂)

ရခိုင်ပြည်နယ်၊ မောင်တောမြို့က မကျည်းချောင်း (မကျီးချောင်း) နယ်ခြားစောင့်တပ်စခန်းကို မနေ့ မနက်က သိမ်းပိုက်နိုင်ခဲ့ပြီး စခန်းအတွင်း စစ်ကောင်စီလက်အောက်ခံ အလောင်းအများအပြားနဲ့ လက်နက်ခဲယမ်း အများအပြားကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ အာရက္ခတပ်တော်က ပြောပါတယ်။

စခန်းအတွင်း စစ်သုံ့ပန်းတချို့ကို ဖမ်းဆီးနိုင်ခဲ့ပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၃၀) ကျော်က ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်အခြမ်းကို ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

သံတွဲမြို့နယ်က လက်ကျန်စခန်းတစ်ခုဖြစ်တဲ့ ခလရ (၅၅) တပ်ရင်းကိုလည်း ဇူလိုင် (၉) ရက်နေ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းနိုင်ခဲ့ပါသေးတယ်။

စစ်ကောင်စီရဲ့ လက်အောက်ခံစခန်းတွေကို တစ်ခုပြီး တစ်ခု ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော် ကပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *