Spread the love

ရန်ကုန်၊ ဇူလိုင် (၁၇)

စစ်ကောင်စီက နောက်ဆုံးထွက်သက်အတွက် ရုန်းကန်နေတဲ့သူလို့ ကယောင် ချောက်ချား ထင်ရာစိုင်းနေတာတွေကို နေ့စဥ်နဲ့အမျှ ကြားသိ မြင်တွေ့ နေရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ကပြောပါတယ်။

“ရွှေဆိုင်ပိုင်ရှင်တွေကအစ ဆန်ကုန်သည်တွေပါမချန် ဘဏ်တွေအထိ စိတ်ကူးပေါက်သလို ဖမ်းဆီးပြီး စီးပွားရေးအခြေအနေတွေ မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်နေသလို တစ်ဘက်ကလည်း ပြည်ပရောက်အလုပ်သမားတွေ၊ အလုပ်အကိုင် အေဂျင်စီတွေကို ဘေးကြပ်နံကြပ် ဖြစ်အောင် ဆောင်ရွက်နေတာတွေ၊ CDM ဝန်ထမ်းတွေကို ပြန်မဲဆွယ်နေတာတွေလည်း လုပ်‌ဆောင်နေတာ ရှိပါတယ်။ ခြုံငုံလေ့လာကြည့်လိုက်မယ်ဆိုရင် တိုင်းပြည်ကို အဆုံးထိ စစ်ကေင်စီက သူတို့နဲ့အတူ ဆွဲချသွားဖို့ ကြိုးစားနေတဲ့ပုံပဲ” လို့ မနေ့က ပြုလုပ်ခဲ့တဲ့ NUG အစည်းအဝေးမှာ သူကထောက်ပြပါတယ်။

မြန်မာပြည်သူတွေအနေနဲ့လည်း တိုင်းပြည်အာဏာလုယူပြီး ဆိုးသွမ်းရမ်းကားနေတဲ့ စစ်ကောင်စီနဲ့ တွေ့ကြုံနေရတဲ့ အချိန်မှာ ရေကြီးရေလျှံ ကိစ္စတွေကလည်း ဖြစ်ပေါ်လာတော့ တစ်ပူပေါ် နှစ်ပူဆင့်သလိုပဲ ဒုက္ခရောက်နေကြရတဲ့ အခြေအနေမှာ ရှိနေပါတယ်။

“တစ်ဘက်ကလည်း စစ်ရေးအရှိန်တွေ မြှင့်လာနေတာမို့ ပြည်သူတွေလည်း အောင်ပွဲတွေကို မျှော်မှန်းပြီး စိတ်အားတက်ရတာတွေလည်း ရှိမယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့တော့ လုပ်နိုင်သမျှ အစွမ်းကုန် ပြည်သူကို စောင့်ရှောက်ကူညီပေးကြဖို့လည်း” သူက တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *