Spread the love

ရန်ကုန်၊ ဩဂုတ် (၉)

မြန်မာနိုင်ငံရဲ့ ပြည်တွင်း ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကိစ္စရပ်တွေကို တရုတ်နိုင်ငံနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကပြောပါတယ်။

အွန်လိုင်းလောင်းကစားတာတွေ၊ အွန်လိုင်းလိမ်လည်တာတွေ၊ အခြားငွေကြေး လိမ်လည်တာတွေ တရားမဝင်လုပ်ငန်းတွေ ပပျောက်စေဖို့ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ မနေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် H.E. Mr. Deng Xijun နဲ့ မနေ့က နေပြည်တော်မှာ တွေ့ဆုံချိန် သူက အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးတည်ချက်တွေနဲ့ ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ အခြေအနေတွေ၊ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ကိုလည်း ကြိုတင် ပြင်ဆင်နေတယ်လို့ သူက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *