Spread the love

မန္တလေး၊ ဩဂုတ် (၁၁)

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်က ခလရ (၁၄၈) တပ်စခန်း၊ ကျောက်ဖြူရွာတပ်စခန်းနဲ့ လိပ်ကျရွာတပ်စခန်းတွေကို ထပ်မံသိမ်းပိုက်နိုင်ပြီ ဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) စစ်ဦးစီးအဖွဲ့က ပြောပါတယ်။

အခုချိန်မှာ သပိတ်ကျင်းမြို့နယ်အတွင်းက တပ်စခန်း စုစုပေါင်း (၈) ခုကို သိမ်းပိုက်ထားနိုင်ပြီဖြစ်လို့ အဲ့ဒီတပ်စခန်းတွေက လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိထားတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ သပိတ်ကျင်းမြို့နယ်အတွင်းက သတ်မှတ်ထားတဲ့ စစ်ရေးပစ်မှတ်တွေကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) စစ်ဦးစီးအဖွဲ့ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *