Spread the love

မန္တလေး၊ ဩဂုတ် (၁၁)

လက်ရှိအချိန်မှာ တိုက်ပွဲတွေဖြစ်နေတဲ့ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံ – နွားထိုးကြီးလမ်းပိုင်းနဲ့ မြင်းခြံ – တောင်သာလမ်းပိုင်းတွေကို ဖြတ်သန်းသွားလာတာ မပြုလုပ်ဖို့ မြင်းခြံခရိုင်အမှတ် (၉) တပ်ရင်း Myingyan Black Tiger က သတိပေး ပြောကြားလိုက်ပါတယ်။

မနေ့က စတင်ပြီး နွားထိုးကြီး၊ မြင်းခြံနဲ့ တောင်သာမြို့နယ်တွေမှာ မြင်းခြံခရိုင်အမှတ် (၉) တပ်ရင်း၊ မြင်းခြံခရိုင်အတွင်းက တပ်ရင်းတွေ၊ LPDF၊ ပကဖ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲ ဖြစ်နေတာ ဖြစ်ပါတယ်။

လတ်တလောမှာ ပြည်သူတွေအနေနဲ့ ခရီးသွားလာတာမျိုးတွေကိုလည်း သတိထားသွားလာကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မေတ္တာရပ်ခံထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *