Spread the love

ပဲခူး၊ ဩဂုတ် (၁၆)

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးအကျဥ်းထောင်က ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေဆီက ပုံစံကြေး တောင်းခံနေပြီး မပေးတဲ့သူတွေကို ပုံစံမျိုးစုံ ညှင်းပမ်း နှိပ်စက်တာတွေ ပြုလုပ်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကပြောပါတယ်။

“ပုံစံကြေးမပေးသည့် နိုင်/ကျဥ်းများကို ထောင်အာဏာပိုင်များမှ ခြေထောက်ဖြင့် ကန်ခြင်း၊ ရိုက်နှက်ခြင်း စသည့် ညှဥ်းပမ်းနှိပ်စက်မှုများပြုလုပ်ရုံသာမက နိုင်ကျဥ်းများကို မအေနှမ မစာနာဘဲ ညစ်ညမ်းစွာ စော်ကား ဆဲဆိုပြောဆို” နေတာဖြစ်တယ်လို့ သူတို့ရဲ့ မနေ့က ဖော်ပြချက်မှာ ရေးသားထားပါတယ်။

နိုင်ငံရေးအကျဉ်းသားတစ်ယောက်ကို ငွေကျပ်တစ်သိန်းနှုန်း ကောက်ခံနေတာဖြစ်ပြီး ဒိုက်ဦးအကျဥ်းထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသား (၂၀၀) ကျော်ရှိတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *