Spread the love

ရှမ်း၊ ဩဂုတ် (၂၂)

စစ်ကောင်စီကို တိုက်ခိုက်နေတာ ဒီနေ့နဲ့ဆို ရက်ပေါင်း (၅၈) ရက်ရှိပြီဖြစ်တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ကပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) အဖြစ် စစ်ကောင်စီကို တစ်ရက်မှ မနားဘဲ တိုက်ခိုက်နေတာ ဖြစ်တယ်လို့ TNLA တပ်ဖွဲ့က ပြောပြပါတယ်။

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ် သရက်ချို၊ တောင်ခမ်းနဲ့ ကမ္ဘောဇဘုန်းတော်ကြီးကျောင်း စတဲ့နေရာတွေမှာ စစ်ကောင်စီတပ်တွေနဲ့ TNLA တပ်တွေ မနေ့က တိုက်ပွဲတွေ ဆက်ဖြစ်နေတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *