Spread the love

ရန်ကုန်၊ ဩဂုတ် (၂၄)

ပြည်သူတွေရဲ့ လုံခြုံရေးနဲ့ ဒေသအတွင်း တည်ငြိမ်အေးချမ်းစေဖို့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို စနစ်တကျ ဆောင်ရွက်နေတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကပြောပါတယ်။

“အကြမ်းဖက်မှုလုပ်ငန်းများနှင့် ဆက်စပ်လျက်ရှိသည့် အကြမ်းဖက် သောင်းကျန်းသူများ၏ သတင်းကွင်းဆက်များအားဖော်ထုတ်၍ အကြမ်းဖက်မှုလုပ်ရပ်များ လျော့နည်းပပျောက်သွားအောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ နယ်မြေ တည်ငြိမ်အေးချမ်းရေးနှင့် လမ်းပန်းဆက်သွယ်မှုများ လုံခြုံချောမွေ့ ကောင်းမွန်စေရေးအတွက် ဆောင်ရွက်ရာတွင် ရေရှည်အတွက် ထည့်သွင်းစဉ်းစားဆောင်ရွက်သွားရန် လိုကြောင်း” မနေ့က တောင်ငူမြို့တပ်မတော်ဆေးရုံကို ရောက်ရှိချိန်မှာ သူက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အာဏာသိမ်းပြီးတော့ နွေဦးတော်လှန်ရေးကာလအတွင်း စစ်တပ်တပ်ဖွဲ့ဝင်တွေကြောင့် သေဆုံးသူ ပြည်သူစုစုပေါင်းမှာ (၅၅၄၃) ယောက် ရှိနေပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP မနေ့က ထုတ်ပြန်ချက်အရ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *