Spread the love

စစ်ကိုင်း၊ ဩဂုတ် (၂၆)

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ လောင်းမင်းရွာတိုက်ပွဲမှာ စစ်ကောင်စီဘက်က (၅) ယောက်ကို အရှင်ဖမ်းမိခဲ့ပြီး သေနတ် (၁၀) လက်၊ ကျည်မျိုးစုံ (၁၁၈၄) တောင့်၊ ဗုံးသီး (၆) လုံးနဲ့ ကျည်အိမ် (၂၁) ခု သိမ်းဆည်းရမိခဲ့တယ်လို့ အမှတ်-၁ စစ်ဒေသ က ဒီနေ့မှာ ပြောပါတယ်။

လောင်းမင်းရွာမှာ တပ်စွဲထားတဲ့ ခမရ-၃၀၉၊ SNA တပ်မဟာ (၇၅၃၊ ၈၉၁)၊ ပျူစောထီး အင်အား (၁၀၀) ကျော်နဲ့ တီလောင်ရွာကနေ သင်္ဘောနဲ့ ထပ်မံ အင်အားဖြည့် ရောက်ရှိလာတဲ့ တပ်ဖွဲ့အင်အား (၇၀) ကျော်ကို တော်လှန်ရေးအင်အားစုတွေက ဩဂုတ် (၂၄) ရက်နေ့က တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးအလုံး (၃၀) ကြဲချ တိုက်ခိုက်သလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က (၂) ယောက်၊ ပြည်သူဘက်က တစ်ယောက် သေဆုံးခဲ့ပြီး ပြည်သူ (၃) ယောက်လုံး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အမှတ်-၁ စစ်ဒေသ ကပြောပါတယ်။

လောင်းမင်းရွာတိုက်ပွဲဖြစ်ပြီးတော့ စစ်ကောင်စီဘက်က အလောင်း (၁၀) လောင်းကိုလည်း ရရှိခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *