Spread the love

မန္တလေး၊ ဩဂုတ် (၂၆)

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်က ဗိုလ်မှူးချုပ် စိုးကျော်ထိုက် ဦးစီးတဲ့ ကွင်း (၅၀၀) တပ်စခန်းကို မနေ့က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) စစ်ဦးစီးအဖွဲ့ က ဒီနေ့မှာ ပြောပါတယ်။

ကွင်း (၅၀၀) တပ်စခန်းဆီက ရန်သူ့လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့သလို စစ်သုံ့ပန်းတချို့ကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီ ဗိုလ်လ်မှူးချုပ် စိုးကျော်ထိုက် ဦးစီးတဲ့ ကွင်း (၅၀၀) တပ်စခန်းကို ဩဂုတ်လ (၅)ရက်နေ့က စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရက်ပေါင်း (၂၀) နီးပါးအကြာမှာ အပြီးသတ် တိုက်ခိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ မိုးကုတ်နဲ့ စဉ့်ကူးလမ်းပိုင်းကြားမှာရှိတဲ့ စစ်ကောင်စီရဲ့ ဗျူဟာမြောက်တပ်စခန်းတွေ အပါအဝင် စခန်းငယ်တွေအားလုံး ကင်းစင်သွားပြီ ဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *