Spread the love

မန္တလေး၊ ဩဂုတ် (၂၆)

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက မနေ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီဘက်က ဒုတိယဗိုလ်မှူးကြီး စိုးမင်းသူ ကို အရှင်ဖမ်းမိခဲ့တယ်လို့ အမှတ်-၁ စစ်ဒေသ ဆီကသိရပါတယ်။

တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီဆီက လက်နက်မျိုးစုံ (၆၈) လက်၊ ကျည်မျိုးစုံ (၁၈၆၆၉) တောင့်၊ ဗုံးသီးမျိုးစုံ (၄၂) လုံး၊ RPG ဒုံးသီး (၃၆) လုံး၊ Jammer (၃) လုံး၊ ဆက်သွယ်ရေးစက် (၁) ခုတခြား ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းနိုင်ခဲ့ပါတယ်။

သပိတ်ကျင်းမြို့သိမ်းတိုက်ပွဲမှာ တော်လှန်ရေးအင်အားစုတွေဘက်က ရဲဘော် (၄) ယောက်သေဆုံးခဲ့ရတယ်လို့ အမှတ်-၁ စစ်ဒေသ က ဒီနေ့မှာ ပြောပါတယ်။

သပိတ်ကျင်းမြို့ကို ဩဂုတ်လ (၁၇) ရက်နေ့က စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဩဂုတ်လ (၁၉) ရက်နေ့မှာ မြို့ကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပေမယ့် စစ်ကောင်စီအဖွဲ့ဝင်တွေက မြို့ဦးတောင်စေတီ ကို ဆုတ်ခွာသွားလို့ မနေ့က အထိ ဆက်လက် တိုက်ခိုက်ခဲ့ရတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *