Spread the love

ရန်ကုန်၊ ဩဂုတ် (၂၆)

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့သိမ်းတိုက်ပွဲမှာ အရှင်ဖမ်းမိခဲ့တဲ့ ဒုတိယဗိုလ်မှူးကြီး စိုးမင်းသူ ကို နိုင်ငံတကာ စစ်ဥပဒေတွေနဲ့အညီ ကောင်းမွန်စွာ ထိန်းသိမ်းထားရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့မှာ ပြောပါတယ်။

သပိတ်ကျင်းမြို့ကို မနေ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီဘက်က ဒုတိယဗိုလ်မှူးကြီး စိုးမင်းသူ ကို တော်လှန်ရေးအင်အားစုတွေက အရှင်ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

သပိတ်ကျင်းမြို့ကို ဩဂုတ်လ (၁၇) ရက်နေ့က စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဩဂုတ်လ (၁၉) ရက်နေ့မှာ မြို့ကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပေမယ့် စစ်ကောင်စီအဖွဲ့ဝင်တွေက မြို့ဦးတောင်စေတီ ကို ဆုတ်ခွာသွားလို့ မနေ့က အထိ ဆက်လက် တိုက်ခိုက်ခဲ့ရတာပါ။

Leave a Reply

Your email address will not be published. Required fields are marked *