Spread the love

ရန်ကုန်၊ ဩဂုတ် (၂၈)

မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အဆိုးရွားဆုံး အရေးပေါ်အခြေအနေကို ရောက်နေပြီလို့ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် UNDP ကပြောပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ မိသားစု (၄) စုမှာ (၁) စုဟာ စားနပ်ရိက္ခ္ခ မလုံလောက်မှုကို ရင်ဆိုင်နေရတာ ဖြစ်တယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ FAO ရဲ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း “စစ်အာဏာရှင်များ၏ ရက်စက်သည့်လုပ်ရပ်များ စီးပွားရေးစီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းတို့ ကြောင့် ပြည်သူများသည် နေ့စဉ်တဓူဝခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရကြောင်း” ဩဂုတ်လ (၂၇) ရက်နေ့က ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့တွေနဲ့ အစည်းအဝေးမှာ အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက် ပြီးခဲ့တဲ့ (၃) နှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံက လူပေါင်း (၄၂) သန်းဝန်းကျင်ဟာ စားဝတ်နေရေး မလုံလောက်မှု အခြေအနေကို ရင်ဆိုင်နေရပြီး လူလတ်တန်းစားအရေအတွက်ဟာလည်း (၅၀) ရာခိုင်နှုန်းအောက်ကို ကျဆုံးသွားပြီ ဖြစ်တယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် UNDP ကပြောပါတယ်။

မြန်မာနိုင်ငံက ပြည်သူ (၃.၂) သန်းကျော်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး (၁၈.၆) သန်းဟာ လူသားချင်းစာနာမှု အကူအညီ လိုအပ်နေတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *