Spread the love

ရန်ကုန်၊ ဩဂုတ် (၂၈)

စစ်ကောင်စီနဲ့ပတ်သက်ပြီး နိုင်ငံတကာအသိုက်အဝန်းကနေ ထိရောက်တဲ့ အရေးယူ ဆောင်ရွက်မှု ပျက်ကွက်နေလို့ မြန်မာပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခတွေက တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကထောက်ပြပါတယ်။

“မြန်မာပြည်သူများ ခံစားနေရမှုသည် စကားလုံးဖြင့်ဖော်ပြ၍ မရသည့် ကြေကွဲစရာ ဖြစ်ရပ်ဖြစ်” တယ်လို့က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပြဿနာရပ်တွေရဲ့ အဓိကဇစ်မြစ်မှာ စစ်အာဏာရှင်နဲ့ မတရားစစ်အာဏာ သိမ်းယူမှု ကြောင့်ဖြစ်တယ်ဆိုတာက ရှင်းလင်းနေပြီး ဒီပြဿာနာကို ဖြေရှင်းရေးအတွက် နိုင်ငံအဆင့်၊ ဒေသတွင်းအဆင့်နဲ့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဆင့်တွေက ဟန်ချက်ညီညီ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ဖို့ အရေးကြီးတယ်လို့ ဩဂုတ်လ (၂၇) ရက်နေ့က ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့တွေနဲ့ အစည်းအဝေးမှာ အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“မြန်မာပြည်သူများအနေဖြင့် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် သန္နိဌာန်ချထားပြီး၊ တစိုက်မတ်မတ် ကြိုးစားဆောင်ရွက်နေကြောင်း၊ ယင်းတွင် နိုင်ငံတကာအသိုက်အဝန်း အနေဖြင့် မြန်မာပြည်သူများ၏ ကြိုးပမ်းနေမှုအပေါ် ထိရောက်သော ထောက်ခံပံ့ပိုးမှု ပေးရန်လို” အပ်တယ်လို့ သူတိုက်တွန်းပြောဆိုခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *