Spread the love

ရခိုင်၊ ဩဂုတ် (၃၀)

ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ စစ်ကောင်စီလက်အောက်ခံ ARSA၊ RSO၊ ARA နဲ့ အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်တွေ မနေ့ကအထိ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ် သိရပါတယ်။

“မောင်တောမြို့အား အလုံးစုံသိမ်းပိုက်ရရှိရေးအတွက် မောင်တောမြို့အတွင်းရှိ ရန်သူ၏ အဆင့်ဆင့်ခုခံတားဆီးထားသော နေရာများကို တစ်ခုပြီးတစ်ခု ရှင်းလင်းတိုက်ခိုက်လျက်ရှိသည်။ တစ်ပြိုင်နက်တည်းတွင် မောင်တောမြို့တွင်း၌ စစ်ကူမဲ့၊ အခြေအနေဆိုးဝါးစွာဖြင့် အစုလိုက်၊ အစုလိုက် ကစဉ့်ကလျား ထွက်ပြေးနေကြသော ရန်သူများကို မိမိတို့မှ လိုက်လံရှင်းလင်း တိုက်ခိုက်လျက်ရှိသောကြောင့် မောင်တောမြို့တွင်းတိုက်ပွဲများမှာ မြို့တွင်း၏နေရာအချို့၌ ဆက်လက် ဖြစ်ပွားနေ” တယ်လို့ မနေ့က ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အခုလ ဩဂုတ် (၂၇/၂၈/၂၉) နေ့တွေမှာ မောင်တောမြို့ နေရာအနှံအပြားမှာ စစ်ကောင်လက်အောက်ခံတွေရဲ့ ရုပ်အလောင်းတွေ၊ စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်းတွေကို ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *