Spread the love

ရှမ်း၊ ဩဂုတ် (၃၀)

၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) စစ်ဆင်ရေးအတွင်း စစ်ကောင်စီဆီက ထပ်မံသိမ်းပိုက်နိုင်ခဲ့တဲ့ မြို့တွေမှာ အုပ်ချုပ်ရေးယန္တရား ကောင်းမွန်စွာ ပြန်လည် လည်ပတ်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော် ကပြောပါတယ်။

ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ် စတဲ့မြို့တွေကို အခုလ ဩဂုတ် (၁၅) ရက်ကနေ (၁၈) ရက်နေ့ အထိ (၄) ရက်ကြာ သွားရောက်ခဲ့တဲ့ ကွင်းဆင်း ခရီးစဉ်အတွင်းမှာ သူက အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“အခြေခံဝန်ဆောင်မှုဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီး အမြန်ဆုံး ရရှိရေးအတွက် ဆောင်ရွက်လိုကြောင်းနှင့် လိုအပ်နေသည့် ကျွမ်းကျင်ဝန်ထမ်းများကို မြို့နယ်အတွင်းရှိ CDM ဝန်ထမ်းများအား ဖိတ်ခေါ်ပြီး အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရန် ညှိနှိုင်းဆောင်ရွက်သွား” မယ်လို့ သူကပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) က အခုဆို ရက်ပေါင်း (၆၆) ကျော်ကြာပြီ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *