Spread the love

တနင်္သာရီ၊ ဩဂုတ် (၃၁)

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ၆ မိုင်ကျေးရွာမှာ ဖြစ်တဲ့ (၄) ရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဗိုလ်ကြီးတစ်ယောက် အပါအဝင် (၇) ယောက် သေဆုံးခဲ့ပြီး (၁၀) ယောက်ကျော် ဒါဏ်ရာရရှိခဲ့တယ်လို့ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ မြိတ် က ဒီနေ့မှာ ပြောပါတယ်။

အခုလ ဩဂုတ် (၂၆) ရက်ကနေ (၂၉) ရက်နေ့အထိ(၄) ရက် ဆက်တိုက်ဖြစ်တဲ့ တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ရဲဘော် (၄) ယောက်လည်း ဒဏ်ရာရရှိခဲ့ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၆၀ မမ စိန်ပြောင်းတစ်လက်၊ ၆၀ မမကျည်သီး ၄ လုံး၊ RPG သီး ၄ လုံး၊ ပို့ယမ်း ၄ တောင့်၊ ကျည်ဘောက် ၃ ခု၊ အီနာကာတစ်လုံးနဲ့ ဖုန်းတစ်လုံး သိမ်းယူရရှိခဲ့တယ်လို့ သိရပါတယ်။

“စစ်ကောင်စီမှ တိုက်ပွဲအတွင်း ထုံတော်ရွာနှင့် ၆ မိုင်ရွာရှိ အပြစ်မဲ့ပြည်သူ (၈) ဦးအား အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားရာ (၆) ဦး ပြန်လည် လွတ်မြောက်လာသော်လည်း ဖမ်းဆီးခံပြည်သူနှစ်ဦးမှာ ယခုချိန်ထိပြန်လည်လွတ်မြောက်ခြင်းမရှိဘဲ ပျောက်ဆုံးနေ‌ကြောင်း သိရပါသည်။” လို့ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ မြိတ် က ဒီနေ့မှာ ထုတ်ပြန်ချက်ကတစ်ဆင့် အသိပေးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *